တူဝမ်းကွဲနှင့် မတင်သောင်း
ရွှေဝင်းတစ်ယောက် ရွာအရှေ့ပိုင်းက ဦးထွန်းမောင် အိမ်သို့ ညတိုင်းရောက်လေ့ရှိ၏။ ဦးထွန်းမောင်မှာ တစ်ရွာလုံးက အားကိုးအားထားပြုရသည့် ဓာတ်ဆရာကြီး ဖြစ်သည်။ ဗိန္ဓော၊ ဗေဒင်၊ ပယောဂကု၊ ဓာတ်ရိုက်ဓာတ်ဆင်၊ အခါပေး အစရှိသော လောကီရေးရာ ကိစ္စမှန်သမျှ ဦးထွန်းမောင်ကို ယုံကြည်အားထားကြသည်။ရွှေဝင်းမှာ အသက် ၁၅ နှစ်ကျော် လူပျိုပေါက်ကလေးဖြစ်၏။ ကျေးလက် သဘာဝအတိုင်း နေ့ပိုင်းတွင် မိဘများနှင့် တောင်သူအလုပ်လုပ်ကိုင်ပြီး ညပိုင်းတွင် ဦးထွန်းမောင်ထံမှာ လောကီဗဟုသုတများကို ကြားနာမှတ်သား ဆည်းပူး၏။ ဦးထွန်းမောင်မှာ…